Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Adidas နဲ့ Nike တို့ဟာ လွန်ခဲ့တဲ့နှစ်များအတွင်း အပြန်အလှန်တရားစွဲဆိုမှုများကို ပြုလုပ်ခဲ့ကြဖူးပါတယ်။ ယခုအခါမှာတော့ Adidas က Nike ဟာ smartphone app များနှင့် ချိန်ညှိမှုပြုလုပ်နိုင်သော ဖိနပ်နည်းပညာအပါအဝင် ၎င်းရဲ့မူပိုင်ခွင့် ၉ခုကို ချိုးဖောက်ခဲ့တယ်ဟုဆိုကာ ၎င်းတို့ရဲ့ ပထမဆုံး federal အဆင့်တရားစွဲဆိုမှုကို ပြုလုပ်ခဲ့ပါတယ်။
Reuters ရဲ့ သတင်းအရ - ဒီတရားစွဲဆိုမှုတွင် Nike ရဲ့ digital ထုတ်ကုန်အချို့လည်းပါဝင်ခဲ့ပြီး Adidas ရဲ့ ပြောကြားချက်အရ Nike Run Club, Training Club နှင့် SNKRS app များဟာ ၎င်းရဲ့မူပိုင်ခွင့်များဖြစ်တဲ့ အားကစားပြုလုပ်စဉ် အသံဖြင့်အချက်အလက်များထုတ်ပြန်နိုင်သော လုပ်ဆောင်ချက်၊ GPS tracking နည်းပညာ၊ training plan များ၊ third-party accessory များဖြစ်တဲ့ နှလုံးခုန်နှုန်းတိုင်းကိရိယာများကဲ့သို့သော အရာများကိုထည့်သွင်းအသုံးချနိုင်မှုနှင့် limited-edition ဖိနပ်များကို မှာယူခြင်း/ဝယ်ယူခြင်းပြုလုပ်နိုင်သောလုပ်ဆောင်ချက် အစရှိတဲ့လုပ်ဆောင်ချက်များနဲ့ ပတ်သက်နေတဲ့အရာများပါဝင်ခဲ့ပါတယ်။
ဒီလုပ်ဆောင်ချက်များဟာ များစွာသော running and fitness tracking app များတွင် ပါဝင်နေကျဖြစ်တဲ့ အခြေခံလုပ်ဆောင်ချက်များဖြစ်ပြီး Adidas မှ ဒီအရာများနှင့်ပတ်သက်၍ ယခင်ကတရားစွဲဆိုခဲ့မှုများလည်း ရှိခဲ့ဖူးပါတယ်။ ၂၀၁၄ ခုနှစ်တွင် Adidas မှ Under Armour ကို ၎င်းရဲ့ Map My Fitness app နှင့် တူညီနေသည့်အတွက် တရားစွဲဆိုမှုပြုလုပ်ခဲ့ဖူးပြီး အဆုံးသတ်တွင်တော့ Under Armour က Adidas ကို လိုင်စင်ကြေးပေးဖို့ သဘောတူခဲ့ရပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။