A Website is Purchasing World’s Most Vintage Mobile Phones With a Good Price

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

16.7.2021 | ကမ္ဘာ့ရှေးအကျဆုံး Mobile ဖုန်းများကို ဈေးကောင်းပေး၍ Website တစ်ခုမှ ဝယ်ယူလျှက်ရှိနေ

စာဖတ်သူတို့ ပထမဆုံးကိုင်ခဲ့ရဖူးတဲ့ Mobile ဖုန်းတစ်လုံးဟာ ယနေ့ခေတ်ပေါ် စမတ်ဖုန်းများနဲ့ နှိုင်းယှဉ်လိုက်ပါက လွန်စွာခွာခြားမှုရှိသွားပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် ထိုကဲ့သို့သော ဖုန်းအဟောင်းတစ်လုံးဟာ ယနေ့ခေတ်မှာ ဒေါ်လာထောင်နှင့်ချီ၍ တန်ဖိုးရှိလာနိုင်ပါတယ်။ 

ရှေးဟောင်းပစ္စည်းရောင်းဝယ်ရေးဈေးကွက်တစ်ခုဖြစ်တဲ့ LoveAntiques.com ဟာ ယခုဆိုရင် တန်ဖိုးအရှိဆုံးနဲ့ ရှေးအကျဆုံး Mobile ဖုန်းများကို အမြင့်ဆုံးဈေးနှုန်းများကိုပေး၍ ဝယ်ယူလျှက်ရှိနေပြီပဲဖြစ်ပါတယ်။ 

အဆိုပါ ရှေးအကျဆုံးနဲ့ တန်ဖိုးအရှိဆုံး Mobile ဖုန်းများရဲ့ စာရင်းတွင် ထိပ်ဆုံးကရပ်တည်နေတာကတော့ ကမ္ဘာ့ ပထမဆုံး iPhone ဖြစ်ပြီး ထိုအရာကို ပေါင်ငွေ ၁၀,၀၀၀ ကျော်ခန့်ဖြင့်ဝယ်ယူလျှက်ရှိနေပါတယ်။ ဒါ့အပြင် ရှေးကျတဲ့ Motorola နဲ့ Nokia ဖုန်းမော်ဒယ်လ်များကိုလည်း အဆိုပါ ဆိုဒ်ပေါ်တွင် ဝယ်ယူလျှက်ရှိနေကြောင်း သိရှိရပါတယ်။ 

အဆိုပါဖုန်းများအနက်မှ တန်ဖိုးအကြီးဆုံးဖုန်း (၁၀) လုံးကတော့ - 

Pre-production Prototype iPhone 1 - £10,000+

Motorola 8000x- £800 - £3,500

Nokia 7700 - £1,000 - £2,000

Mobira Senator NMT- £800 - £2,000

IBM Simon Personal Communicator- £800 - £2,000

Nokia Sapphire 8800 - £500 - £2,000

Technophone PC105T - £600 - £1,500

Orbitel Citiphone- £600 - £1,000

Ericsson R290 Satellite Phone - £300 - £1,000

Rainbow StarTAC - £100 - £400 တို့ဖြစ်ကြပြီး

Software, Model, ဖုန်း၏ အသုံးပြု၍ရနိုင်မှုအခြေအနေနှင့် ရှားပါးမှုတို့ဟာ အဆိုပါ Mobile ဖုန်းအဟောင်းများရဲ့ ဈေးရရှိနိုင်မှုကို အဆုံးအဖြတ်ပေးသွားနိုင်မယ့်အချက်များပဲဖြစ်ကြပါတယ်။ ကျွမ်းကျင်သူများရဲ့အဆိုအရတော့ prototype iPhone 1 ဖုန်းမော်ဒယ်လ်ဟာ ဗြိတိန်ပေါင် ၃၀,၀၀၀ အထိ ပေါက်ကြေးရှိနေကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။