A startup founded by former Apple Executives was acquired by Qualcomm

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

22.1.2021 | Apple အလုပ်အမှုဆောင်ဟောင်းများမှ စတင်တည်ထောင်ခဲ့သော ကုမ္ပဏီတစ်ခုကို Qualcomm မှ ဝယ်ယူခဲ့

Ars မှ သတင်းများအရ Qualcomm ဟာ ဇန်နဝါရီလ ၁၄ ရက်နေ့၊ ၂၀၂၁ ခုနှစ်တွင် Nuvia ဟုခေါ်ဆိုသည့် ကုမ္ပဏီတစ်ခုကို အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံဖြင့်ဝယ်ယူခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ Nuvia ဟာ ၂၀၁၉ ခုနှစ်တွင် Apple semiconductor executive ၃ ဦးမှ စတင်တည်ထောင်ခဲ့သောကုမ္ပဏီတစ်ခုဖြစ်ပြီး Server များအတွက် custom CPU core များကို ဒီဇိုင်းရေးဆွဲပေးသောလုပ်ငန်းကို လုပ်ကိုင်လျှက်ရှိနေပါတယ်။ ဒါပေမယ့် Qualcomm ကတော့ Nuvia ရဲ့နည်းပညာကို server များအပြင် အခြားနေရာများတွင်လည်းအသုံးချနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

Qualcomm ဟာ Nuvia ရဲ့ နည်းပညာကို တယ်လီဖုန်းများမှ ကားများအထိ အမျိုးမျိုးသော device များတွင် အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ထားပြီး သတင်းစာရှင်းလင်းပွဲတစ်ခုတွင် Qualcomm မှ Nuvia ရဲ့နည်းပညာဟာ “Next-generation 5G computing အတွက်လိုအပ်လာမယ့်အရာများကို ဖြည့်ဆည်းပေးနိုင်တဲ့ CPU performance နဲ့ power efficiency တို့တွင် step-function improvements များကို ဖြစ်ပေါ်လာစေနိုင်မှာဖြစ်တယ်။” ဟူ၍ပြောကြားသွားခဲ့ပါတယ်။ Qualcomm ဟာ အဆိုပါ နည်းပညာကို “flagship စမတ်ဖုန်းများ၊ next-generation laptop များ၊ Advanced Driver Assistance System များနဲ့ extended reality and infrastructure networking solution များတွင် အသုံးပြုသွားဖို့အတွက် စီစဉ်လျှက်ရှိနေပါတယ်။

Nuvia ရဲ့ chip များဟာ ARM architecture အပေါ်တွင် အခြေခံထားသော်လည်း ARM မှ မူပိုင်ခွင့်အပြည့်အဝရရှိထားခြင်းမရှိတဲ့အတွက် Qualcomm အနေနဲ့ Apple ရဲ့ chip များနဲ့ ပိုမို၍ဗြောင်ကျကျယှဉ်ပြိုင်မှုများပြုလုပ်ရာတွင် အမြတ်အစွန်းများကို ပိုမိုရရှိစေမှာဖြစ်ပါတယ်။ သတင်းများအရ အဆိုပါဝယ်ယူမှုဟာ အဓိကအားဖြင့် ဉာဏပိုင်ဆိုင်မှု (intellectual property) ကိုဝယ်ယူခြင်းဖြစ်ပြီး Nuvia ရဲ့ တည်ထောင်သူများနဲ့အတူ သူတို့ရဲ့ဝန်ထမ်းများဟာလည်း Qualcomm တွင် ဆက်လက်၍ အလုပ်လုပ်ကိုင်သွားမှာဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။