A New iPad Air will come out on October

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

25.9.2020 | ‌အောက်တိုဘာလတွင် iPad Air အသစ် ထွက်ရှိလာတော့မည်

Apple က ပြီးခဲ့တဲ့အပတ်အတွင်းက 8th Generation iPad အတွက်အသုံးပြုသွားမှာဖြစ်တဲ့ A14 Bionic လို့ခေါ်တွင်တဲ့ CPU အသစ်တစ်ခုနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ အခြေခံ iPad model တွင် ပါဝင်လာမယ့် အဆိုပါ A14 Bionic ဟာ ယခင် 7th Generation iPad များထက် CPU တွင် ၄၀% နဲ့ GPU တွင် ၂၀% ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး Apple ရဲ့ ပြောကြားချက်များအရ A14 ဟာ လက်ရှိအရောင်းချရဆုံး Windows laptop များထက် ၂ဆခန့်ပိုမိုမြန်ဆန်မှာဖြစ်ပီး Android tablet များထက် ၃ဆနဲ့ ထိပ်တန်း Chromebook များထက် ၆ဆခန့် ပိုမိုမြန်ဆန်မှာဖြစ်တယ်လို့သိရှိရပါတယ်။ ဒီအပြင် ယခုအခါတွင် Magic Keyboard နဲ့လဲ တွဲဖက်၍အသုံးပြုလာနိုင်ပြီပဲဖြစ်ပါတယ်။ 

အဆိုပါ iPad Air အသစ်ဟာ ယခင် iPad 7 ထွက်ရှိပြီးနောက် တစ်နှစ်ခွဲခန့်ကြာမှ ထွက်ပေါ်လာတာဖြစ်သော်လည်း လုပ်ဆောင်ချက်များမှာ ယခင်ကထွက်ရှိထားခဲ့တဲ့ iPad များထက် များစွာ သာလွန်လျှက်ရှိနေပါတယ်။ Device တစ်ခုလုံးရဲ့ ဒီဇိုင်းပိုင်းကိုလည်း ပြန်လည်ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး iPad Air အသစ်ကို အောက်တိုဘာလအတွင်းတွင် အမေရိကန်ဒေါ်လာ ၅၉၉ ကျပ်နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ အရောင်အားဖြင့်တော့ ၅မျိုးရရှိနိုင်မှာဖြစ်ပြီး silver, space gray, rose gold, green နဲ့ sky blue တို့ပဲဖြစ်ပါတယ်။ 

ပိုမိုဈေးကြီးတဲ့ iPad Pro ကိုနမူနာယူထားတဲ့အတွက် iPad Air ဟာ ယခုတစ်ခါတွင် bezel များကို လျှော့ချ ထားပြီး home button လည်း ပါဝင်လာမှာမဟုတ်တော့သလို screen ရဲ့ဘောင်များကိုလည်း လုံးဝန်းသောပုံသဏ္ဍန်အဖြစ် ထုတ်လုပ်ထားပါတယ်။ ထိုအရာတွင် iPad Pro တွင်အသုံးပြုနိုင်တဲ့ Face ID အတွက် front-facing TrueDepth sensor ပါဝင်လာမှာမဟုတ်သော်လည်း Apple device များအတွက် လုပ်ဆောင်ချက်အသစ်တစ်ခုဖြစ်တဲ့ Touch ID အသစ်ကို top button အတွင်းတွင် မြှုပ်နှံထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။