A handy new Google Maps feature for you to know

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

11.1.2021 | သင်သိထားသင့်တဲ့ အသုံးဝင်လာနိုင်တဲ့ Google Map လုပ်ဆောင်ချက်တစ်ခု

Google Maps ဟာ သူတို့ရဲ့ timeline feature ကို အဆင့်မြှင့်တင်မှုများပြုလုပ်ခဲ့ပြီး ယခုအခါတွင် သင့်ရဲ့အကြိုက်ဆုံးဓါတ်ပုံများကို ထည့်သွင်းကာ သင်နှစ်သက်ရာနေ့ရက်များကို ပြန်လည်၍နောက်ကြောင်းပြန် ကြည့်ရှုနိုင်တော့မှာပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို ၂၀၁၅ ခုနှစ်ကစတင်၍ထည့်သွင်းပေးခဲ့တာဖြစ်ပြီး Google Map အသုံးပြုသူများအနေနဲ့ သူတို့ရဲ့ ခရီးသွားရာဇဝင်ကိုပြန်လည်၍ကြည့်ရှုနိုင်စေခဲ့ပါတယ်။ 

Google Photo ရဲ့ နောက်ဆုံးဗားရှင်းနဲ့အတူ ယခုအခါဆိုရင်တော့ Google Map ရဲ့ timeline feature ကို Google Photo တွင်လည်းတွေ့မြင်နိုင်တော့မှာပဲဖြစ်ပါတယ်။ Google Map ကဲ့သို့ပင် အသုံးပြုသူများအနေနဲ့ Google Map ကိုအသုံးပြု၍ တည်နေရာရှာဖွေရာတွင် ကူညီပေးနိုင်ရန် Google မှ သိမ်းဆည်းထားတဲ့ location data ကိုအသုံးပြုကာ သူတို့သွားလာခဲ့တဲ့နေရာများကို ပြန်လည်၍ကြည့်ရှုနိုင်စေတော့မှာဖြစ်သလို Social media များတွင် ပို့စ်တင်ရန်အတွက် ဓါတ်ပုံတစ်ပုံပုံကိုလည်း tag ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။ 

Google Photo ဟာ သင့် smartphone ပေါ်တွင် location data ကို သိမ်းဆည်းခွင့်ပေးထားပါက သင့်ဖုန်းရဲ့ library အတွင်းရှိ ဓါတ်ပုံများကို ရိုက်ကူးလိုက်တဲ့အချိန်တွင် Google Map တွင်ရှိသော timeline ကဲ့သို့ ပုံစံမျိုးဖြင့် စီစဉ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါမှမဟုတ် သင့်အနေနေဲ့ location data ကို ကိုယ်တိုင်သွားရောက်၍ မှတ်သားပေးနိုင်မှာလည်းဖြစ်သလို ၂ ခုစလုံးအစဉ်မပြေခဲ့ပါကလည်း Google မှ အဆိုပါဓါတ်ပုံကိုဘယ်နေရာတွင် ရိုက်ကူးခဲ့သလဲဆိုတာကို ဓါတ်ပုံအတွင်းရှိ ထင်ရှားတဲ့နေရာများရဲ့အကူအညီဖြင့် AI မှ ဆုံးဖြတ်ပေးနိုင်ပါလိမ့်မယ်။ ဥပမာ - AI ဟာ ပါရီမြို့ရှိ Eiffel Tower ဒါမှမဟုတ် အမေရိကန်ရှိ Empire State Building တို့ကို မှတ်မိသိရှိနိုင်စွမ်းရှိနေပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။