Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
အကြမ်းဖျင်းအားဖြင့် ကန်ဒေါ်လာ ၆၂၅ သန်း တန်ကြေးရှိသော cryptocurrency များကို လတ်တလော ရေပန်းစားနေသည့် crypto game တစ်ခုဖြစ်တဲ့ Axie Infinity ရဲ့ နောက်ကွယ်ရှိ Ronin လို့အမည်ရတဲ့ blockchain ကုမ္ပဏီထံက ခိုးယူခြင်းခံခဲ့ရကြောင်း The Verge မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။
Ronin နှင့် Axie Infinity operator Sky Mavis မှ အဆိုပါလုံခြုံရေးကျိုးပေါက်မှုကို မေလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ပြီး ကုမ္ပဏီရဲ့ blockchain ထံမှ ငွေကြေးများကို ထုတ်ယူခြင်းနှင့် ထည့်သွင်းခြင်းတို့ကို ပြုလုပ်နိုင်စေသော Ronin bridge ပေါ်ရှိ ငွေကြေးလွှဲပြောင်းမှုများအားလုံးကို ရပ်ဆိုင်းခဲ့ပါတယ်။
Sky Mavis ရဲ့ ပြောကြားချက်အရ ၎င်းတို့ဟာ တရားဥပဒေစိုးမိုးရေးအာဏာပိုင်များနှင့် ပူးပေါင်း၍ 173,600 Ethereum (လက်ရှိတန်ကြေး ကန်ဒေါ်လာ သန်း ၆၀၀ ကျော်) နှင့် USDC 25.5 သန်း (အမေရိကန်ဒေါ်လာအပေါ် အခြေခံထားသော cryptocurrency) များကို မတ်လ ၂၃ ရက်နေ့တွင် ၎င်းတို့ရဲ့ထံမှ ထုတ်ယူသွားခဲ့သော ခိုးယူသူထံမှ ပြန်လည်ရရှိနိုင်အောင်ဆောင်ရွက်လျှက်ရှိနေတယ်လို့ သိရှိရပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။