9 Tips to reduce lag and fix ping

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

23.9.2022 | Lag ခြင်းနှင့် Ping များခြင်းတို့ကို လျှော့ချနိုင်ရန် လုပ်ဆောင်နိုင်သော အချက်များ

Ping ပမာဏမြင့်မားလာရခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နေနိုင်ပြီး ထိုအထဲကမှ အခြေအနေအတော်များများကို သင်ကိုယ်တိုင်လုပ်ဆောင်၍ ပြင်ဆင်နိုင်ပါတယ်။ သင့်ရဲ့ ping ပမာဏ မြင့်မားလာရတဲ့ အကြောင်းအရင်းအချို့ကတော့ -

၁။ Router များနဲ့ ၎င်းတို့ကို update ပြုလုပ်ထားခြင်း မရှိခြင်း

၂။ Router ထားသိုသည့် နေရာအနေအထား

၃။ Router ရဲ့ firmware များ up to date မဖြစ်ခြင်း

၄။ Router နှင့် Modem များအတွင်းတွင် cache များ ပြည့်နှက်လာခြင်း

၅။ သင့် network အတွင်းတွင် သုံးစွဲနေသည့် device ပမာဏ

၆။ Game ရဲ့ setting များနဲ့ ၎င်းတို့ကို သင့်လျော်စွာ ချိန်ညှိမှုများပြုလုပ်ထားခြင်း ရှိ/ မရှိ

၇။ သင့် device ရဲ့ background တွင် ပွင့်နေသော application များနှင့် program များ

၈။ Game တစ်ခုကိုဆော့ကစားနေစဉ်အတွင်း နောက်ကွယ်မှ အလိုအလျှောက် update ဆွဲနေခြင်း အစရှိတဲ့ အကြောင်းအရင်းများကြောင့် ဖြစ်နေနိုင်ပါတယ်။

“Ping ကောင်းတယ်” ဆိုတဲ့ အဓိပ္ပါယ်ကတော့ 100 ms အောက်တွင်သာ ရှိနေတဲ့ ping ပမာဏကို ဆိုလိုတာဖြစ်ပြီး ဒီကဲ့သို့ ဖြစ်နေမှသာ game များကို ကောင်းမွန်စွာဆော့ကစား၍ ရနိုင်မှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဂိမ်းဆော့နေကျသူများကတော့ 50 ms နဲ့ အောက် ping ပမာဏကို ပိုမို၍နှစ်ချိုက်တတ်ကြပြီး professional gamer များကတော့ 20 ms နဲ့ အောက် ping ပမာဏရှိနေဖို့လိုအပ်မှာဖြစ်ပါတယ်။

ကွန်ပျူတာအများစုပေါ်တွင် ping test များကိုလည်း ပြုလုပ်၍ရနိုင်သလို online ပေါ်မှတဆင့်လည်း ping ပမာဏကို စစ်ဆေးမှုများပြုလုပ်၍ရနိုင်ပါတယ်။ Internet speed test များဖြင့် စစ်ဆေးခြင်းအားဖြင့်လည်း သင့်အင်တာနက် connection ရဲ့ ping rate ကို အကြမ်းဖျင်းအားဖြင့် တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

မည်သို့ပင်ဖြစ်စေ . . . သင့်အနေနဲ့ ဂိမ်းများကို ကောင်းမွန်စွာဆော့ကစား၍ ရနေပါက သင့်ရဲ့ ping rate အကြောင်းကို စိတ်ပူစရာလိုအပ်မှာမဟုတ်သော်လည်း အကယ်လို့ ဂိမ်းကစားရာတွင် lag လာရင်တော့ ping ပမာဏကိုလျှော့ချပေးဖို့ဟာ သင့်ရဲ့ဂိမ်းထဲကစွမ်းဆောင်ရည်များကို တိုးမြှင့်ပေးနိုင်ရန်အတွက် အရေးပါလာမှာဖြစ်ပါတယ်။ ဒါ့အပြင် ping ပမာဏကို လျှော့ချပေးနိုင်ဖို့ဟာ လိုက်လံလုပ်ဆောင်ဖို့ ခက်ခဲလှတဲ့ အရာတစ်ခုလည်းမဟုတ်တဲ့အတွက် မိမိတို့တပ်ဆင်ထားတဲ့ အင်တာနက်လိုင်းဖြင့် ဂိမ်းကစားရာတွင် lag လာခဲ့ပါက အောက်ပါအချက်တွေအတိုင်း လိုက်ပါလုပ်ဆောင်ကြည့်နိုင်ပါတယ်။

၁။ Background Program များနဲ့ Application များကို ပိတ်ပစ်ပါ။

ကျွန်ုပ်တို့ရဲ့ ကွန်ပျူတာများ၊ ဖုန်းများဟာ တွက်ချက်အမှုအများအပြားကိုပြုလုပ်နေရလျှက်ရှိပြီး program များနဲ့ application များကို run ရခြင်းဟာလည်း ဒီလိုတွက်ချက်မှုများကို ပြုလုပ်ရတာပဲဖြစ်ပါတယ်။

ဒီအရာတွေကို ပိတ်ပစ်လိုက်ခြင်းဟာ သင့် device များရဲ့ attention ကို သင်လက်ရှိအသုံးပြုနေတဲ့ - သင့်ရဲ့ Game အပေါ်သာ ပိုမို၍ အလေးပေးစေဖို့ စေခိုင်းလိုက်ခြင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ device များပေါ်တွင် ပွင့်နေတဲ့ program များနဲ့ application များ နည်းပါးသွားမှာဖြစ်တဲ့အတွက် bandwidth အသုံးပြုမှုပမာဏကိုလည်း အနည်းဆုံးဖြစ်စေရန် လျှော့ချပေးနိုင်မှာဖြစ်တဲ့အတွက် ဂိမ်းများကို ဆော့ကစားရာတွင် လိုင်းဆွဲအားပိုမိုကောင်းမွန်လာတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ Spotify, Zoom, Netflix နဲ့ Twitch အစရှိတဲ့ app များကို ဂိမ်းကစားခြင်းမပြုလုပ်မှီတွင် ဦးစားပေး၍ ပိတ်ထားသင့်တယ်လို့ အကြံပြုလိုပါတယ်။

၂။ Update များကို ယာယီ disable ပြုလုပ်ထားပါ။

Software များနဲ့ application များအဖို့ automatic update လုပ်ဆောင်ချက်ကို ဖွင့်ပေးထားခြင်းဟာ သင့်ကွန်ပျူတာရဲ့ ဆိုက်ဘာလုံခြုံရေးကို အမြဲတမ်း update ဖြစ်နေစေဖို့နဲ့ သင့်ရဲ့ device များ အကောင်းဆုံး run နိုင်စေဖို့အတွက် ပြုလုပ်ထားသင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း ဒီ update များဟာ သင့် device များရဲ့ တွက်ချက်မှုစွမ်းရည်ကို အများအပြားသုံးစွဲနေရနိုင်ပါတယ်။ ဒီအချက်ကြောင့် အကယ်၍ video game များကို ဆော့ကစားနေစဉ်အတွင်း lag လာခဲ့ရင်တော့ ဒီ update များကို ယာယီ disable ပြုလုပ်လိုက်ခြင်းအားဖြင့် lag နေတဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ သင့်ရဲ့ game ကစားချိန်ပြီးဆုံးသွားတဲ့အခါမှာတော့ ဒီ function ကို ပြန်လည်ဖွင့်လှစ်ခဲ့ဖို့ မမေ့ပါနဲ့။

၃။ Ethernet cable ကြိုးကို အသုံးပြုပါ။

Ethernet cable များဟာ သင့်ရဲ့ device အတွင်းသို့ internet connection ကို အလေအလွင့်မရှိပဲ တိုက်ရိုက်ပေးပို့နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ သင့်ရဲ့ router ဟာ သင့် gaming setup ရဲ့ အနီးအနားတွင် ရှိမနေပါက ethernet cable ဖြင့် တပ်ဆင်အသုံးပြုဖို့ လွယ်ကူမှာမဟုတ်သော်လည်း ethernet cable များဖြင့် အသုံးပြုခြင်းဟာ များသောအားဖြင့် အခြားသော device များနဲ့ မျှဝေသုံးစွဲနေရတဲ့ Wi-Fi မှတဆင့် ချိတ်ဆက်ခြင်းနှင့် နှိုင်းယှဉ်လိုက်ပါက ပိုမို၍တည်ငြိမ်တဲ့ အင်တာနက်လိုင်းကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ အကယ်၍ Wi-Fi ကိုသာအသုံးပြုနိုင်တဲ့ device မျိုးဖြစ်နေရင်တော့ သင့်အနေနဲ့ 2.4GHz router များထက် 5GHz router များကို ရွေးချယ်ဝယ်ယူ၍ အသုံးပြုပေးသင့်ပါတယ်။

၄။ သင့် network ပေါ်ရှိ အခြားသော device များကို ဖယ်ရှားလိုက်ပါ။

အထက်ကပြောကြားခဲ့တဲ့ program များနဲ့ application များကဲ့သို့ပင် network တစ်ခုအတွင်း ချိတ်ဆက်ထားတဲ့ device များဟာလည်း Wi-Fi ကွန်ယက်တစ်ခုအတွင်းတွင် internet connection ကို အပြိုင်ဆွဲယူနေကြတာဖြစ်ပါတယ်။ သင့်ရဲ့နေအိမ်အတွင်းမှာ IoT ပစ္စည်းများ များစွာရှိနေပါက router များအနေနဲ့ မနိုင်ဝန်ထမ်းနေရသလိုဖြစ်လာမှာဖြစ်ပါတယ် - smart TV များ၊ ကွန်ပျူတာများ၊ cell phone များ၊ smart နာရီများ၊ ကြိုးမဲ့ gaming headset များ အစရှိတဲ့ အရာအားလုံးဟာ Wi-Fi connection အပေါ်မှီခိုနေရတာဖြစ်ပါတယ်။ ဒီပစ္စည်းတွေအားလုံးကို သင့်အိမ်အတွင်းအတူတကွနေထိုင်လျှက်ရှိနေသူပမာဏနဲ့ မြှောက်ကြည့်လိုက်ပါက router များဟာ ဘယ်မျှအထိများပြားတဲ့ တာဝန်များကို ထမ်းဆောင်နေရသလဲဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် ဂိမ်းများကို ဆော့ကစားရာတွင် lag လာခဲ့ပါက သင့် network အတွင်းရှိ အသုံးပြုနေခြင်းမရှိသော device များနဲ့ လူများကို ဖယ်ရှားထားလိုက်ပါ။

၅။ Game server ရဲ့ ping ပမာဏကို စစ်ဆေးပါ။

တစ်ခါတစ်ရံမှာ ping ပမာဏမြင့်မားနေခြင်းဟာ သင်အသုံးပြုနေတဲ့ internet connection ကြောင့်မဟုတ်ပဲ သင်ဆော့ကစားနေတဲ့ game တစ်ခုရဲ့ server ကြောင့်လည်းဖြစ်နေနိုင်ပါတယ်။ အကယ်၍ သင့် game server ရဲ့ IP address ကို သိရှိထားပါက https://gameserverping.com/ ကဲ့သို့သော website များသို့ သွားရောက်၍ ping ပမာဏကို စစ်ဆေးကြည့်နိုင်ပါတယ်။ အကယ်၍ game server ရဲ့ ping က မြင့်မားနေတာကို တွေ့ရှိရပါက ဒါဟာ သင့် internet connection ကြောင့်မဟုတ်ပဲ game server ကြောင့် ထိုသို့ lag လာရခြင်း ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။

၆။ သင့်တည်နေရာနဲ့ အနီးဆုံး game server ကို ရွေးချယ်၍ ဆော့ကစားပါ။

နောက်ထပ် ထည့်သွင်းစဉ်းစားသင့်တဲ့အချက်တစ်ချက်ကတော့ သင့်ရဲ့ device နဲ့ game server အကြားရှိ အကွာအဝေးပဲဖြစ်ပါတယ်။ Server မှ ဝေးကွာလေလေ သင့် device နဲ့ server အကြား ဆက်သွယ်ချိတ်ဆက်မှုများကို ပြုလုပ်ရချိန်ဟာ ကြာမြင့်လေလေဖြစ်ပါတယ်။ ဒါကြောင့် game များကို စတင်ဆော့ကစားရာတွင် သင့်တည်နေရာနဲ့ အနီးဆုံး game server ကို ရွေးချယ်ဆော့ကစားခြင်းအားဖြင့် game အတွင်းတွင် မလိုလားအပ်တဲ့ lag ခြင်းနှင့် ping များခြင်းတို့ ဖြစ်ပေါ်လာခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၇။ သင့်ရဲ့ frame rate ကို ချိန်ညှိမှုများပြုလုပ်ပါ။

ယနေ့ခေတ်မှာ game တွေရဲ့ ပုံထွက်ဟာ အလွန်ကောင်းလာပြီဖြစ်ပြီး ပိုမို၍လှပမှုရှိလာသော်လည်း ထိုသို့ လှပမှုရှိလာလေလေ (ရုပ်ရှင် video များကို HD ဖြင့်ကြည့်ရှုခြင်းနှင့် standard quality ဖြင့်ကြည့်ရှုခြင်း အကြားရှိ ကွာခြားမှုများကဲ့သို့ပင်) သင့်ရဲ့ device ဟာ ပိုမို၍တွက်ချက်မှုများကိုပြုလုပ်ဖို့ အားစိုက်ရလေလေဖြစ်ပါတယ်။ အကယ်၍ Ping မြင့်မားတဲ့ပြဿနာနဲ့ တွေ့ကြုံနေရပါက သင့်ရဲ့ game အတွင်းက setting များကို frame rate မှ စတင်၍ ချိန်ညှိမှုများကို ပြုလုပ်ပေးဖို့သင့်နေပါပြီ။ သင်သိထားသင့်တဲ့ အချက်ကတော့ frame rate မြင့်လေလေ သင့် game ရဲ့ animation ပုံရိပ်ဟာ ပိုမိုချောမွတ်မှုရှိလေလေဖြစ်ပါတယ်။ သင်ဆော့ကစားနေတဲ့ game တစ်ခုရဲ့ setting panel မှာ ဒီ frame rate ကို လျှော့ချလိုက်ခြင်းအားဖြင့် သင့်ရဲ့ gameplay ဟာ ပိုမိုကောင်းမွန်လာခြင်းရှိ/ မရှိကို စမ်းသပ်ကြည့်လိုက်ပါ။

၈။ သင့် router ကို upgrade ပြုလုပ်ပါ။

ပစ္စည်းများအားလုံးဟာ အချိန်ကြာလာတဲ့နဲ့အမျှ ယိုယွင်းပျက်စီးလာတတ်တဲ့ သဘောရှိပါတယ်။ ဒီထဲမှာ ကျွန်ုပ်တို့ရဲ့ internet connection ကို ဖမ်းယူပေးနေတဲ့ router များလည်း အပါအဝင်ဖြစ်ပြီး router များ ဟောင်းနွမ်းယိုယွင်းလာတာနဲ့အမျှ video game များ ဆော့ကစားရာတွင် lag ခြင်းကို တွေ့ကြုံလာရနိုင်ပါတယ်။ အကယ်၍ ယခင်ကပြောကြားခဲ့တဲ့ အကြံပြုချက်များဟာ သင့်ရဲ့ ping များနေတဲ့ ပြဿနာကို ဖြေရှင်းမပေးနိုင်ခဲ့ရင်တော့ သင့် router ဟာ မည်မျှသက်တမ်းရှိနေပြီလဲဆိုတာကို ထည့်သွင်းစဉ်းစား၍ လိုအပ်ပါက upgrade ပြုလုပ်ပေးလိုက်ပါ။

ပိုမိုသစ်လွင်တဲ့ device တစ်ခုဟာ သင့်ရဲ့ wireless connection signal ကို အကောင်းဆုံးဖြစ်အောင် မြှင့်တင်ပေးနိုင်ပြီး ပိုမိုကျယ်ပြန့်တဲ့ ဧရိယာများအထိ ဖြန့်ကျက်ပေးနိုင်မှာဖြစ်ပါတယ်။ Professional gamer များအနေနဲ့ကတော့ gaming အတွက် အထူးထုတ်လုပ်ထားတဲ့ gaming router များကို ဝယ်ယူဖို့လည်း စဉ်းစားနိုင်ပြီး ၎င်း router များဟာ gaming ပြုလုပ်ရာတွင် အသုံးပြုရတဲ့ internet စီးဆင်းမှုများကို အခြားအရာများအတွက် အသုံးပြုနေခြင်းများထက် ဦးစားပေးဆောင်ရွက်ပေးနိုင်စွမ်းရှိကြပါတယ်။

၉။ သင့်ရဲ့ internet ဝန်ဆောင်မှုကုမ္ပဏီကို ဆက်သွယ်လိုက်ပါ။

အကယ်၍ video game ဆော့ကစားရာတွင် lag နေခြင်းဟာ အထက်တွင်ဖော်ပြထားတဲ့ troubleshooting step လေးတွေနဲ့ ဖြေရှင်းနိုင်ခြင်းမရှိဘူးဆိုရင်တော့ တကယ့်ကျွမ်းကျင်သူများကို ခေါ်ဆိုမေးမြန်းဖို့ လိုအပ်နေပြီပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ internet ဝန်ဆောင်မှုကုမ္ပဏီထံသို့ ဖုန်းခေါ်ဆို၍ ၎င်းတို့နဲ့ တိုင်ပင်ကြည့်လိုက်ပါ။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။