2.4 GHz vs. 5 GHz! Which band will offer better permeability?

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

6.5.2020 | 2.4 GHz နှင့် 5 GHz တို့အကြား မည်သည့် band သည်ပိုမိုကောင်းမွန်သော ဖြတ်သန်းမှုကိုပေးစွမ်းနိုင် မည်နည်း?

ကြိုးမဲ့ WiFi ကွန်ယက်များသည် 2.4 နှင့် 5 GHz band များကို အသုံးပြုကြပါသည်။ အကယ်၍ သင် ဟာ သင့်ရဲ့အိမ်ကို wireless signal ဖြင့်လွှမ်းခြုံပြီး အမြင့်မားဆုံးရရှိနိုင်မည့် ဒေတာစီးဆင်းမှုကိုရှာ ဖွေနေပါက အထက်ဖော်ပြပါ band များတွင် မည်သည့် band က အသာစီးရနိုင်မှာဖြစ်ပါသလဲ?

အဓိကခြားနားချက်များကို ရှာဖွေဖော်ထုတ်ပြီး မည်သည့် band က သင့်ကို ပိုမိုကောင်းမွန်သော ဒေ တာစီးဆင်းမှုကိုပေးစွမ်းမည်ဖြစ်သည်ကို လေ့လာလိုက်ပါ။

အတားအဆီးများအပေါ် WiFi အင်တာနက်၏သက်ရောက်ပုံ

တည်ငြိမ်သော အားထားနိုင်သည့် ကြိုးမဲ့အင်တာနက် signal တစ်ခုကိုအကာအကွယ်ပေးနိုင်သည့် အခြေခံအချက်မှာ အရည်အသွေးပြည့်မှီသော router တစ်ခုရှိဖို့ပင်ဖြစ်ပြီး ယနေ့ခေတ်တွင် 2.4 GHz နှင့် 5 GHz နှစ်မျိုးလုံးကိုအထောက်အပံ့ပေးနိုင်မှုရှိနိုင်ခြင်းက အကောင်းဆုံးဖြစ်ပါသည်။ အဆိုပါ router များတွင် အပိုအင်တာနာ ၄ခုထည့်သွင်းထားသည့် အရည်အသွေးမြင့်မားသည့် WiFi router ပါရှိပါသည်။ ကျွန်ုပ်တို့၏အမြန်ဆုံးအိမ်သုံးအင်တာနက်ကိုရယူပြီး အဆိုပါအရာကိုအခမဲ့ရယူလိုက်ပါ။

မည်သို့သော WiFi router အားအသုံးပြုပြု၊ ပုံမှန်မိသားစုတစ်ခုတွင် signal များသည် အတားအဆီး အချို့ကို ဖြတ်ကျော်ရမည်ဖြစ်သည်ကို သင့်အနေဖြင့် ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။ အဆိုပါ အတားအဆီးများသည် နံရံများ၊ တံခါးများ၊ ဖန်သားမျက်နှာပြင်များနှင့် ပရိဘောဂပစ္စည်းများဖြစ်ပါ သည်။ ဖြစ်နိုင်ပါက signal ၏ လမ်းကြောင်းကိုကြိုးစားရှင်းလင်းကာ router ကိုနေရာချခြင်းကိုပြု လုပ်ပါ။ ဒါမှသာလျှင် signal များထုတ်လွှင့်ရာလမ်းကြောင်းတွင် အတားအဆီးများ နည်းနိုင်သမျှ နည်းပါးစွာရှိနိုင်မည်ဖြစ်ပါသည်။

2.4 နှင့် 5 GHz band တို့၏ အချက်အလက်စီးဆင်းမှုနှုန်း

5 GHz band သည် များစွာသောအကျိုးကျေးဇူးများကိုပေးစွမ်းနိုင်ပါသည်။ ဦးစွာပထမအနေဖြင့် ထို အရာသည် အခြားသော စက်ပစ္စည်းများမှ နှောက်ယှက်မှုများကိုထည့်သွင်းစဉ်းစားထားခြင်းမရှိသည့် အတွက် အနှောက်အယှက်နည်းပါးသောနေရာတွင် အသုံးပြုခြင်းကပို၍ တည်ငြိမ်မှုရှိစေမည်ဖြစ်ပါ သည်။ တိုက်ခန်းများအတွင်းတွင် ဖြတ်သန်းစီးဆင်းနိုင်မှုစွမ်းရည်အဖို့မူ ကိစ္စရပ်တစ်ရပ်လုံးသည် ပိုမို ၍ ရှုပ်ထွေးမှုရှိနေပါသည်။ ဖြတ်သန်းစီးဆင်းနိုင်မှုစွမ်းရည်သည် ကြိမ်နှုန်းများနှင့် အသုံးပြုနိုင်သော အကွာအဝေးတို့နှင့်အတူ လျော့ကျလာမည်ဖြစ်ပြီး ထို့ကြောင့် 5 GHz သည် တိုက်ခန်းများအတွင်းတွင် 2.4 GHz မှ ရောက်ရှိနိုင်မည့်အကွာအဝေးသို့ရောက်ရှိနိုင်မှာမဟုတ်သည့်အပြင် 5 GHzသည် အတား အဆီးများကိုဖြတ်ကျော်ရာတွင် စွမ်းဆောင်ရည်လျော့ကျခြင်းကို ပိုမိုဖြစ်စေနိုင်မည်ဖြစ်ပါသည်။

ဒီအရာသည် သက်တောင့်သက်သာဖြစ်ဖွယ်ရာမရှိသော အံ့အားသင့်ဖွယ်အချက်တစ်ခုဖြစ်ပြီး 5 GHz ၏ အဓိကအားနည်းချက်တစ်ခုလဲဖြစ်ပါသည်။ မြင့်မားသောကြိမ်နှုန်းရှိသည့် band တစ်ခုသည် သူ့ရဲ့ လမ်းကြောင်းတွင် အတားအဆီးများ သင်မထားရှိသရွေ့ ပိုမိုမြန်ဆန်နိုင်စေသော်လည်း ဥပမာအား ဖြင့် signal သည် နံရံအားဖြတ်သန်းသွားရမည်ဆိုပါက 2.4 GHz band သည် ဆန်းကျယ်စွာပင် ပိုမို၍ မြန်ဆန်နိုင်စေပါသည်။ ထိုအရာသည် အခြားသော အချက်အလက်များအပေါ်တွင်လည်း သက်ဆိုင် နေပါသည်။ သင့်အိမ်အထားအသိုပုံစံဒီဇိုင်းနှင့် band တစ်ခု၏ ယျေဘူယျအားဖြင့် နှောက်ယှက်မှုများ ကလည်း အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်နေပါသည်။

အဖြေဟာ နှစ်မျိုးသုံးလုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။

သင့်အနေဖြင့် နှစ်မျိုးစလုံး၏ ကောင်းကျိုးများကိုတစ်ချိန်တည်းတွင်ရရှိခံစားနိုင်နေချိန်တွင် Band တစ်ခုတည်းကိုသာ ဘာကြောင့်အားထားနေမှာလဲ? 2.4 GHz နှင့် 5 GHz နှစ်မျိုးသုံးလုပ်ဆောင်ချက် များကို အထောက်အပံ့ပေးသည့် router များသည် သင့်အား အခြေအနေအရပ်ရပ်တိုင်းတွင် စက်ပစ္စည်းများနှင့် ချိတ်ဆက်သည့်အခါ သင့်အနေဖြင့် အမြင့်မားဆုံးရရှိနိုင်မည့် မြန်နှုန်း၊ အချက် အလက်စီးဆင်းမှုနှင့် ဆက်သွယ်ချိတ်ဆက်မှုတည်ငြိမ်ခြင်းတို့ကို ရရှိနိုင်စေပါသည်။ အကျိုးရလာဒ် အနေဖြင့် သင့်အိမ်တွင်ရှိသော စက်ပစ္စည်းများအားလုံးကို မြန်ဆန်သောကြိုးမဲ့အင်တာနက်ကိုရရှိ စေမှာဖြစ်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။