$1.7 million in NFTs stolen in apparent phishing attack on OpenSea users

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

4.3.2022 | OpenSea platform ကိုအသုံးပြုသူများထံမှ Phishing attack တစ်ခုဖြင့် ကန်ဒေါ်လာ ၁.၇ သန်းတန်ကြေးရှိ NFT များ ခိုးယူခံခဲ့ရ

ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် OpenSea platform ကို အသုံးပြုသူ user များထံမှ ရာပေါင်းများစွာသော NFT များကို hacking ပြုလုပ်၍ တိုက်ခိုက်သူများမှ ခိုးယူသွားခဲ့သောကြောင့် အဆိုပါ site ရဲ့ အသုံးပြုသူများအကြား လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပါတယ်။ 

Blockchain လုံခြုံရေးဝန်ဆောင်မှု PeckShield မှ စစ်တမ်းကောက်ယူထားတဲ့ စစ်တမ်းတစ်ခုအရ အဆိုပါတိုက်ခိုက်မှုအတွင်း NFT token စုစုပေါင်း ၂၅၄ ခုကို ခိုးယူခြင်းခံခဲ့ရပြီး အဆိုပါ token များအနက် Decentraland နှင့် Bored Ape Yacht Club ကဲ့သို့သော NFT token များလည်း ပါသွားခဲ့တယ်လို့ သိရှိရပါတယ်။ 

အဆိုပါ ခိုးယူခြင်းခံခဲ့ရသော token များရဲ့ စုစုပေါင်းတန်ကြေးကတော့ ကန်ဒေါ်လာ ၁.၇ သန်းခန့်ရှိတယ်လို့သိရှိရပါတယ်။ OpenSea ရဲ့ ကနဦးဖော်ပြချက်အရ user ပေါင်း ၃၂ ဦးခန့်ဟာ အဆိုပါတိုက်ခိုက်မှုကို ခံစားခဲ့ရတယ်လို့ သိရှိရပြီး နောက်ပိုင်းထုတ်ပြန်ကြေငြာချက်များအရ NFT token များ ခိုးယူခြင်းအမှန်တကယ်ခံခဲ့ရသူမှာ ၁၇ ဦးဖြစ်ပြီး ကျန် ၁၅ ဦးကတော့ တိုက်ခိုက်မှုခံခဲ့ရသော်လည်း NFT token များကို ခိုးယူခြင်းမခံခဲ့ရဘူးလို့ သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။