Call +95 9 959740020 now. We'll help you find internet & TV deals in your area.
တစ်ချိန်တည်းတွင် ရောဂါကူးစက်ခံရမှာစိုးရိမ်တဲ့အတွက် အပြင်မထွက်ပဲ အိမ်မှတဆင့်အလုပ်လုပ်နေသူ၊ ဂိမ်းဆော့နေသူ၊ Streaming ပြုလုပ်နေသူများနဲ့ သတင်းများကိုရှာဖွေဖတ်ရှုနေသူများနဲ့သာ သင့်မိသားစုအတွင်း ပြည့်နှက်နေပါသလား? အကယ်၍အင်တာနက်လိုင်းနှေးတဲ့ပြဿနာများကို ကြုံတွေ့နေရပြီဆိုရင် ဒီပြဿနာဟာ သင့်ဖက်ကအမှားတစ်ခုခုကြောင့်ဖြစ်နေတာလဲ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့အင်တာနက်ကိုဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီသို့ ဖုန်းခေါ်ဆိုခြင်းမပြုမှီတွင် အောက်ပါ လွယ်ကူတဲ့ router tip များကိုအသုံးပြုပြီး အင်တာနက်ပြန်လည်အသုံးပြုနိုင်စေရန် ဆောင်ရွက်ကြည့်နိုင်ပါတယ်။
smart home devices များ၊ အွန်လိုင်း online gaming platform များနှင့် video-streaming services များ အများအပြားပေါ်ထွက်လာနေသည်နှင့်အမျှ ခိုင်မာကောင်းမွန်တဲ့အင်တာနက်လိုင်းဆွဲအားကို ထိန်းသိမ်းထားနိုင်ဖို့မှာ ယခင်ကထက်ပိုမိုအရေးကြီးလာပါတယ်။ အကယ်၍ သင် League of Legends ဆော့နေတုန်းမှာ lag နေတယ်ဆိုရင် (ဒါမှမဟုတ်) သီချင်းတစ်ပုဒ်ကို download လုပ်ဖို့ အကြာကြီးစောင့်နေရတယ်ဆိုရင်တော့ ဒီပြဿနာများဟာ သင့်ဖက်ကအမှားတစ်ခုခုကြောင့်ဖြစ်နေနိုင်ပြီး သင့်အင်တာနက်ဝန်ဆောင်မှုပေးသူကုမ္ပဏီ (ISP) နဲ့သက်ဆိုင်တဲ့ပြဿနာ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။
သင်အသုံးပြုနေတဲ့ ကေဘယ်လ်ကုမ္ပဏီသို့ service call တစ်ခုလုပ်ဖို့မစီစဉ်မှီတွင် သင့်အင်တာနက် လိုင်းဆွဲအား ပြဿနာများကိုအဖြေရှာနိုင်မယ့် ကျွန်ုပ်တို့ရဲ့အကြံပေးချက်များကို လေ့လာဖတ်ရှုကြည့်လိုက်ပါ။
၉။ သင့်ရဲ့ setting များကို ရှင်းလင်းလိုက်ပါ။
သင့် router ကို reboot ပြုလုပ်ခြင်းအားဖြင့်လဲ ပြန်ကောင်းမလာဘူးဆိုရင်တော့ setting ထဲက တစ်ခုခုက သင်ကြုံတွေ့နေရတဲ့ပြဿနာများကိုဖြစ်ပေါ်စေတာလဲဖြစ်နိုင်ပါသေးတယ်။ သင့်ရဲ့ router ကို factory default configuration သို့ reset ပြန်လည်ပြုလုပ်ကြည့်လိုက်ပါ။ Router အများစုအဖို့တော့ ဘေးဘက်ခြမ်းရှိ reset ခလုတ်လေးကိုနှိပ်ပြီး LED မီးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်အထိ စက္ကန့်အနည်းငယ်ကြာဖိထားပေးခြင်းအားဖြင့် ပြုလုပ်ပေးနိုင်ပါတယ်။ Reset ချ ပြီးပါက web interface သို့ ပြန်လည်ဝင်ရောက်ပြီး အစကနေပြန်လည် set up ပြုလုပ်လိုက်ပါ။ အရင်က ထိုပြဿနာကိုဖြစ်ပွားစေတဲ့ setting ကို ပြန်လည် enable ပြုလုပ်မပေးမိစေဖို့ကိုတော့ ဂရုစိုက်ပါ။
Compare the MYANMAR's best internet service providers and plans near you.