12 Tips to Troubleshoot Your Internet Connection - 8

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

8.9.2020 | သင့်အင်တာနက်လိုင်းဆွဲအားပြဿနာများကို အဖြေရှာနိုင်ရန် အကြံပေးချက် (၁၂) ချက် - နံပါတ် (၈)

တစ်ချိန်တည်းတွင် ရောဂါကူးစက်ခံရမှာစိုးရိမ်တဲ့အတွက် အပြင်မထွက်ပဲ အိမ်မှတဆင့်အလုပ်လုပ်နေသူ၊ ဂိမ်းဆော့နေသူ၊ Streaming ပြုလုပ်နေသူများနဲ့ သတင်းများကိုရှာဖွေဖတ်ရှုနေသူများနဲ့သာ သင့်မိသားစုအတွင်း ပြည့်နှက်နေပါသလား? အကယ်၍အင်တာနက်လိုင်းနှေးတဲ့ပြဿနာများကို ကြုံတွေ့နေရပြီဆိုရင် ဒီပြဿနာဟာ သင့်ဖက်ကအမှားတစ်ခုခုကြောင့်ဖြစ်နေတာလဲ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့အင်တာနက်ကိုဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီသို့ ဖုန်းခေါ်ဆိုခြင်းမပြုမှီတွင် အောက်ပါ လွယ်ကူတဲ့ router tip များကိုအသုံးပြုပြီး အင်တာနက်ပြန်လည်အသုံးပြုနိုင်စေရန် ဆောင်ရွက်ကြည့်နိုင်ပါတယ်။ 

smart home devices များ၊ အွန်လိုင်း online gaming platform များနှင့် video-streaming services များ အများအပြားပေါ်ထွက်လာနေသည်နှင့်အမျှ ခိုင်မာကောင်းမွန်တဲ့အင်တာနက်လိုင်းဆွဲအားကို ထိန်းသိမ်းထားနိုင်ဖို့မှာ ယခင်ကထက်ပိုမိုအရေးကြီးလာပါတယ်။ အကယ်၍ သင် League of Legends ဆော့နေတုန်းမှာ lag နေတယ်ဆိုရင် (ဒါမှမဟုတ်) သီချင်းတစ်ပုဒ်ကို download လုပ်ဖို့ အကြာကြီးစောင့်နေရတယ်ဆိုရင်တော့ ဒီပြဿနာများဟာ သင့်ဖက်ကအမှားတစ်ခုခုကြောင့်ဖြစ်နေနိုင်ပြီး သင့်အင်တာနက်ဝန်ဆောင်မှုပေးသူကုမ္ပဏီ (ISP) နဲ့သက်ဆိုင်တဲ့ပြဿနာ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။

သင်အသုံးပြုနေတဲ့ ကေဘယ်လ်ကုမ္ပဏီသို့ service call တစ်ခုလုပ်ဖို့မစီစဉ်မှီတွင် သင့်အင်တာနက် လိုင်းဆွဲအား ပြဿနာများကိုအဖြေရှာနိုင်မယ့် ကျွန်ုပ်တို့ရဲ့အကြံပေးချက်များကို လေ့လာဖတ်ရှုကြည့်လိုက်ပါ။ 

၈။ သင့်ရဲ့ Firmware ကို update ပြုလုပ်ပါ။ 

Firmware ဆိုသည်မှာ သင့် modem, router, နှင့် အခြား network hardware များကို run ပေးနိုင်သည့် low-level embedded software တစ်ခုဖြစ်ပါတယ်။ အချို့သော ရောင်းချသူကုမ္ပဏီများက download ပြုလုပ်နိုင်သည့် firmware update များကို ပေးထားပြီး ထိုအရာများက စွမ်းဆောင်ရည်ပြဿနာများကို ဖြေရှင်းပေးနိုင်ခြင်း၊ လုပ်ဆောင်ချက်အသစ်များကိုထည့်သွင်းပေးခြင်းနှင့် လိုင်းဆွဲအားများကိုတိုးမြှင့်ပေးခြင်း အစရှိသည်တို့ကိုပြုလုပ်ပေး နိုင်ပါသည်။ သင့် router ရဲ့ management console ပေါ်ရှိ system section တွင် firmware update tool ကို ရှာဖွေပြီး လမ်းညွှန်ချက်များကို ဂရုတစိုက်လိုက်နာလုပ်ဆောင်ကာ မှန်ကန်တဲ့ firmware version ကို install ပြုလုပ်လိုက်ပါ။ Third-party site များမှ firmware များကို လုံးဝ download ပြုလုပ်ခြင်း မပြုလုပ်သင့်ပါဘူး။  

(Unicode)






သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။