12 Tips to Troubleshoot Your Internet Connection - 7

Call +95 9 959740020 now. We'll help you find internet & TV deals in your area.

7.9.2020 | 12 Tips to Troubleshoot Your Internet Connection - 7

တစ်ချိန်တည်းတွင် ရောဂါကူးစက်ခံရမှာစိုးရိမ်တဲ့အတွက် အပြင်မထွက်ပဲ အိမ်မှတဆင့်အလုပ်လုပ်နေသူ၊ ဂိမ်းဆော့နေသူ၊ Streaming ပြုလုပ်နေသူများနဲ့ သတင်းများကိုရှာဖွေဖတ်ရှုနေသူများနဲ့သာ သင့်မိသားစုအတွင်း ပြည့်နှက်နေပါသလား? အကယ်၍အင်တာနက်လိုင်းနှေးတဲ့ပြဿနာများကို ကြုံတွေ့နေရပြီဆိုရင် ဒီပြဿနာဟာ သင့်ဖက်ကအမှားတစ်ခုခုကြောင့်ဖြစ်နေတာလဲ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့အင်တာနက်ကိုဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီသို့ ဖုန်းခေါ်ဆိုခြင်းမပြုမှီတွင် အောက်ပါ လွယ်ကူတဲ့ router tip များကိုအသုံးပြုပြီး အင်တာနက်ပြန်လည်အသုံးပြုနိုင်စေရန် ဆောင်ရွက်ကြည့်နိုင်ပါတယ်။ 

smart home devices များ၊ အွန်လိုင်း online gaming platform များနှင့် video-streaming services များ အများအပြားပေါ်ထွက်လာနေသည်နှင့်အမျှ ခိုင်မာကောင်းမွန်တဲ့အင်တာနက်လိုင်းဆွဲအားကို ထိန်းသိမ်းထားနိုင်ဖို့မှာ ယခင်ကထက်ပိုမိုအရေးကြီးလာပါတယ်။ အကယ်၍ သင် League of Legends ဆော့နေတုန်းမှာ lag နေတယ်ဆိုရင် (ဒါမှမဟုတ်) သီချင်းတစ်ပုဒ်ကို download လုပ်ဖို့ အကြာကြီးစောင့်နေရတယ်ဆိုရင်တော့ ဒီပြဿနာများဟာ သင့်ဖက်ကအမှားတစ်ခုခုကြောင့်ဖြစ်နေနိုင်ပြီး သင့်အင်တာနက်ဝန်ဆောင်မှုပေးသူကုမ္ပဏီ (ISP) နဲ့သက်ဆိုင်တဲ့ပြဿနာ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။

သင်အသုံးပြုနေတဲ့ ကေဘယ်လ်ကုမ္ပဏီသို့ service call တစ်ခုလုပ်ဖို့မစီစဉ်မှီတွင် သင့်အင်တာနက် လိုင်းဆွဲအား ပြဿနာများကိုအဖြေရှာနိုင်မယ့် ကျွန်ုပ်တို့ရဲ့အကြံပေးချက်များကို လေ့လာဖတ်ရှုကြည့်လိုက်ပါ။ 

၇။ ပိုကောင်းတဲ့ signal ရအောင်လုပ်လိုက်ပါ။ 

အကယ်၍ သင်ဟာ Wi-Fi ကိုအသုံးပြုနေပါက သင့်ရဲ့ connection ကို နှေးကွေးစေမယ့် ပြဿနာများစွာရှိနေနိုင်ပါတယ်။ သင့်ကွန်ပြူတာကို Ethernet cable ကနေတဆင့် router နဲ့ တိုက်ရိုက်ချိတ်ဆက်ကြည့်လိုက်ပါ။ အကယ်၍ ဒီအချက်ကသင့်ထံတွင်ဖြစ်ပေါ်နေတဲ့ပြဿနာကို ဖြေရှင်းပေးလိုက်နိုင်ပါက သင့်ရဲ့ Wi-Fi signal ဟာ သင့်အင်တာနက်မြန်နှုန်းကိုလျော့နည်းစေတဲ့ အထိ နည်းပါးနေတာဖြစ်နိုင်ပါတယ်။ သင့်ကွန်ပြူတာပေါ်ရှိ Wi-Fi icon လေးကို စစ်ဆေးကြည့်လိုက်ပါ - ဘားတန်းဘယ်နှစ်ဘားလောက်များရှိနေပါသလဲ? 

အကယ်၍ သင့် Wi-Fi icon ပေါ်တွင် ဘားများနည်းနေပါက သင့်ရဲ့ router ကို သင့်အိမ်ရဲ့ အချက်အခြာကျတဲ့နေရာသို့ ပြောင်းရွှေ့ပေးဖို့လိုအပ်ပါမယ် (ဒါမှမဟုတ်) Wi-Fi extender တစ်ခုကို ဝယ်ယူနိုင်ပါတယ်။ (သင့်ထံတွင် Wi-Fi extender ရှိနေပြီးသားဖြစ်ပါက ဒီ Wi-Fi extender က အရည်အသွေးမကောင်းတာလဲဖြစ်နိုင်ပါတယ်။ Mesh system တစ်ခုဟာ ပိုပြီးကောင်းမွန်စွာအလုပ်လုပ်ပေးနိုင်မှာပဲဖြစ်ပါတယ်)။ 

အကယ်၍ သင့် Wi-Fi icon ဟာ ဘားအပြည့်ရှိနေပါသော်လည်း သင်နေထိုင်ရာအဆောက်အအုံ အတွင်း များစွာသော Wi-Fi ကွန်ယက်များရှိနေပါက အရမ်းကြပ်တည်းသိပ်သည်းနေနိုင်ကာ Channel ကိုပြောင်းလဲခြင်း (သို့) 5GHz band ကိုအသုံးပြုခြင်းအားဖြင့် ထိုပြဿနာကိုဖြေရှင်းနိုင် ပါတယ်။ လိုင်းဆွဲအားဖမ်းယူရာတွင်ပိုမိုကောင်းမွန်စေရန်လုပ်ဆောင်နိုင်သည့်အချက်များကိုသိရှိရန် အတွက် Wi-Fi signal များကိုတိုးမြှင့်နိုင်စေမည့် နည်းစနစ်များအကြောင်းရေးသားဖော်ပြထားသည့် ကျွန်ုပ်တို့ရဲ့လမ်းညွှန်များကိုဖတ်ရှုကြည့်လိုက်ပါ။ 

(Unicode)




 





NEWS

Find internet providers in your area

Compare the MYANMAR's best internet service providers and plans near you.