12 Tips to Troubleshoot Your Internet Connection - 6

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

6.9.2020 | သင့်အင်တာနက်လိုင်းဆွဲအားပြဿနာများကို အဖြေရှာနိုင်ရန် အကြံပေးချက် (၁၂) ချက် - နံပါတ် (၆)

တစ်ချိန်တည်းတွင် ရောဂါကူးစက်ခံရမှာစိုးရိမ်တဲ့အတွက် အပြင်မထွက်ပဲ အိမ်မှတဆင့်အလုပ်လုပ်နေသူ၊ ဂိမ်းဆော့နေသူ၊ Streaming ပြုလုပ်နေသူများနဲ့ သတင်းများကိုရှာဖွေဖတ်ရှုနေသူများနဲ့သာ သင့်မိသားစုအတွင်း ပြည့်နှက်နေပါသလား? အကယ်၍အင်တာနက်လိုင်းနှေးတဲ့ပြဿနာများကို ကြုံတွေ့နေရပြီဆိုရင် ဒီပြဿနာဟာ သင့်ဖက်ကအမှားတစ်ခုခုကြောင့်ဖြစ်နေတာလဲ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့အင်တာနက်ကိုဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီသို့ ဖုန်းခေါ်ဆိုခြင်းမပြုမှီတွင် အောက်ပါ လွယ်ကူတဲ့ router tip များကိုအသုံးပြုပြီး အင်တာနက်ပြန်လည်အသုံးပြုနိုင်စေရန် ဆောင်ရွက်ကြည့်နိုင်ပါတယ်။ 

smart home devices များ၊ အွန်လိုင်း online gaming platform များနှင့် video-streaming services များ အများအပြားပေါ်ထွက်လာနေသည်နှင့်အမျှ ခိုင်မာကောင်းမွန်တဲ့အင်တာနက်လိုင်းဆွဲအားကို ထိန်းသိမ်းထားနိုင်ဖို့မှာ ယခင်ကထက်ပိုမိုအရေးကြီးလာပါတယ်။ အကယ်၍ သင် League of Legends ဆော့နေတုန်းမှာ lag နေတယ်ဆိုရင် (ဒါမှမဟုတ်) သီချင်းတစ်ပုဒ်ကို download လုပ်ဖို့ အကြာကြီးစောင့်နေရတယ်ဆိုရင်တော့ ဒီပြဿနာများဟာ သင့်ဖက်ကအမှားတစ်ခုခုကြောင့်ဖြစ်နေနိုင်ပြီး သင့်အင်တာနက်ဝန်ဆောင်မှုပေးသူကုမ္ပဏီ (ISP) နဲ့သက်ဆိုင်တဲ့ပြဿနာ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။

သင်အသုံးပြုနေတဲ့ ကေဘယ်လ်ကုမ္ပဏီသို့ service call တစ်ခုလုပ်ဖို့မစီစဉ်မှီတွင် သင့်အင်တာနက် လိုင်းဆွဲအား ပြဿနာများကိုအဖြေရှာနိုင်မယ့် ကျွန်ုပ်တို့ရဲ့အကြံပေးချက်များကို လေ့လာဖတ်ရှုကြည့်လိုက်ပါ။ 

၆။ ဘယ်သူတွေအင်တာနက်အသုံးပြုနေသေးသလဲ?

အရာရာတိုင်းဟာ ကောင်းမွန်စွာအလုပ်လုပ်နေသော်လည်း သင့် PC ပေါ်ရှိ ပရိုဂရမ်တစ်ခု (သို့) အိမ်သားတစ်ဦးဦးက သင့်ရဲ့ bandwidth တွေအားလုံးကိုသုံးစွဲနေတာလဲဖြစ်နေနိုင်ပါသေးတယ်။ Windows ပေါ်တွင် Task Manager ကို Ctrl+Shift+Esc တွဲနှိပ်ပြီးဖွင့်လိုက်ကာ Network column သို့ သွားရောက်ပြီး Network အသုံးပြုမှုအစဉ်လိုက်စီစဉ်ပြီးစစ်ဆေးကြည့်လိုက်ပါ။ Mac ပေါ်တွင်တော့ Command+Space ကိုတွဲနှိပ်ပြီး Spolight ကိုဖွင့်ကာ “Activity Monitor“ ဟု ရိုက်ထည့်ပြီး Activity Monitor ရဲ့ Network tab အတွင်းတွင် ဝင်ရောက်စစ်ဆေးနိုင်ပါတယ်။ 

အကယ်၍ app တစ်ခုခုက bandwidth တော်တော်များများကိုအသုံးပြုနေပါက (ဥပမာ - ကြီးမားသောဖိုင်များကို download ပြုလုပ်နေပါက သင့်အနေနဲ့ ဒီကိစ္စပြီးစီးသွားသည့် အထိသာ စောင့်ဆိုင်းဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒါမှမဟုတ် ထိုအရာကို cancel ပြုလုပ်လိုက်ပါက သင့်အင်တာနက်လိုင်းပြန်ကောင်းသွားမှာဖြစ်ပါတယ်။ အကယ်၍ သင့်အနေနဲ့ အင်တာနက် bandwidth တွေကိုသုံးစွဲနေတဲ့ သိသာတဲ့တရားခံမရှိဘူးဆိုပါက သင့်အိမ်သားတွေထဲက တစ်ဦးဦးကများ ကြီးမားတဲ့ဖိုင်များကို သူတို့ရဲ့စက်ပေါ်ကနေ download ပြုလုပ်နေသလားဆိုတာကို စစ်ဆေးကြည့်လိုက်ပြီး ထိုသို့ပြုလုပ်ခြင်းကိုရပ်ပစ်ခိုင်းလိုက်ပါ။ တစ်ခါတစ်ရံမှာ သင့်အိမ်နီးချင်းက သင့်ရဲ့ Wi-Fi ကို ခိုးယူအသုံးပြုနေတာလဲဖြစ်နေနိုင်ပါတယ်။

(Unicode)







သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။