12 Tips to Troubleshoot Your Internet Connection - 5

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

5.9.2020 | သင့်အင်တာနက်လိုင်းဆွဲအားပြဿနာများကို အဖြေရှာနိုင်ရန် အကြံပေးချက် (၁၂) ချက် - နံပါတ် (၅)

တစ်ချိန်တည်းတွင် ရောဂါကူးစက်ခံရမှာစိုးရိမ်တဲ့အတွက် အပြင်မထွက်ပဲ အိမ်မှတဆင့်အလုပ်လုပ်နေသူ၊ ဂိမ်းဆော့နေသူ၊ Streaming ပြုလုပ်နေသူများနဲ့ သတင်းများကိုရှာဖွေဖတ်ရှုနေသူများနဲ့သာ သင့်မိသားစုအတွင်း ပြည့်နှက်နေပါသလား? အကယ်၍အင်တာနက်လိုင်းနှေးတဲ့ပြဿနာများကို ကြုံတွေ့နေရပြီဆိုရင် ဒီပြဿနာဟာ သင့်ဖက်ကအမှားတစ်ခုခုကြောင့်ဖြစ်နေတာလဲ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့အင်တာနက်ကိုဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီသို့ ဖုန်းခေါ်ဆိုခြင်းမပြုမှီတွင် အောက်ပါ လွယ်ကူတဲ့ router tip များကိုအသုံးပြုပြီး အင်တာနက်ပြန်လည်အသုံးပြုနိုင်စေရန် ဆောင်ရွက်ကြည့်နိုင်ပါတယ်။ 

smart home devices များ၊ အွန်လိုင်း online gaming platform များနှင့် video-streaming services များ အများအပြားပေါ်ထွက်လာနေသည်နှင့်အမျှ ခိုင်မာကောင်းမွန်တဲ့အင်တာနက်လိုင်းဆွဲအားကို ထိန်းသိမ်းထားနိုင်ဖို့မှာ ယခင်ကထက်ပိုမိုအရေးကြီးလာပါတယ်။ အကယ်၍ သင် League of Legends ဆော့နေတုန်းမှာ lag နေတယ်ဆိုရင် (ဒါမှမဟုတ်) သီချင်းတစ်ပုဒ်ကို download လုပ်ဖို့ အကြာကြီးစောင့်နေရတယ်ဆိုရင်တော့ ဒီပြဿနာများဟာ သင့်ဖက်ကအမှားတစ်ခုခုကြောင့်ဖြစ်နေနိုင်ပြီး သင့်အင်တာနက်ဝန်ဆောင်မှုပေးသူကုမ္ပဏီ (ISP) နဲ့သက်ဆိုင်တဲ့ပြဿနာ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။

သင်အသုံးပြုနေတဲ့ ကေဘယ်လ်ကုမ္ပဏီသို့ service call တစ်ခုလုပ်ဖို့မစီစဉ်မှီတွင် သင့်အင်တာနက် လိုင်းဆွဲအား ပြဿနာများကိုအဖြေရှာနိုင်မယ့် ကျွန်ုပ်တို့ရဲ့အကြံပေးချက်များကို လေ့လာဖတ်ရှုကြည့်လိုက်ပါ။ 

၅။ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတဲ့မီးလုံးများအကြောင်းအဖြေရှာခြင်း

အကယ်၍ သင်အင်တာနက်လုံးဝမရဘူးဆိုပါက သင့်ရဲ့ modem နဲ့ router ကိုစစ်ဆေးကြည့်လိုက်ပါ။ နှစ်ခုစလုံးတွင် LED status indicator အချို့ပါဝင်နေသင့်ပြီး - ထိုအရာများအားလုံးဟာ လင်းမနေဘူးဆိုပါက modem (သို့) router ဟာ ပလပ်ဖြုတ်ထားခြင်း (သို့) မီးအားဝင်ရောက်ခြင်းမရှိဖြစ်နေတာလဲ ဖြစ်နိုင်ပါတယ်။ မီးကြိုးကို ပြန်ဖြုတ်ပြီး (သင့်ထံတွင် modem နဲ့ router နှစ်ခုလုံးရှိပါက နှစ်ခုစလုံးကိုဖြုတ်ပါ) တစ်မိနစ်၊ နှစ်မိနစ်ခန့်စောင့်ပြီးမှ ပြန်တပ်ကြည့်ပါ။ 

Power ခလုတ်ရှိပါက ထိုခလုတ်ဟာ On နေရာတွင်ရှိနေဖို့ သေချာစွာစစ်ဆေးပါ။ မီးများလင်းလာပြီဆိုပါက သင့်ရဲ့ router (ရှိပါက) ကို plug ပြန်ထိုးပြီး router က boot ပြန်တက်လာဖို့ကိုလည်းစောင့်ဆိုင်းပါ။  အကယ်၍ထိုသို့ပြုလုပ်ပြီးတဲ့အထိ မီးမလင်းလာဘူးဆိုရင်တော့ သင့် router ပျက်နေတာသော်၎င်း၊ power adapter မကောင်းတာ၊ power strip မှာ ပြဿနာရှိနေတာ အစရှိတာတွေဖြစ်နေနိုင်ပါတယ်။ 

အကယ်၍ မီးအချို့လင်းသော်လည်း အချို့ကတော့လင်းမနေပဲ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတယ်ဆိုရင်တော့ သင့်အနေနဲ့ ဒီအရာများက ဘာကိုပြသနေလဲဆိုတာကိုသိနိုင်ဖို့အတွက် ပိုပြီးအသေးစိတ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် - သင့် modem ရဲ့ မီးများဟာ လုံးဝလင်းနေရမယ့်အစား မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပါက ဒါဟာ အင်တာနက်လိုင်းကို ဖမ်းယူ၍မရ ဖြစ်နေတာဖြစ်နေနိုင်ပြီး modem အသစ်တစ်ခုကိုလိုအပ်နေတာဖြစ်နိုင်ပါတယ် (သို့) သင့်ရဲ့ ISP ထံသို့ ဖုန်းခေါ်လိုက်ပါ။

အကယ်၍ သင့် router ရဲ့ network မီးလင်းသော်လည်း Wi-Fi မီးလင်းမလာဘူးဆိုပါက သင့်အနေနဲ့ ဘေးဘက်တွင်ရှိ တဲ့ Wi-Fi ခလုတ်ကိုနှိပ်ပေးဖို့ (သို့) Wi-Fi ကို router ရဲ့ configuration menu ကနေတဆင့် ပြန်ဖွင့်ပေးဖို့ လိုအပ်ပါတယ်။ သင့် modem/ router ရဲ့ စာရွက်စာတမ်းများကိုဖတ်ရှုစစ်ဆေးပြီး ဒီမီးများက ဘာတွေကိုဖော်ပြနေ သလဲဆိုတာကို သိရှိအောင် အဖြေရှာကြည့်လိုက်ပါ။ 

(Unicode)




 






သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။