12 Tips to Troubleshoot Your Internet Connection - 4

Call +95 9 959740020 now. We'll help you find internet & TV deals in your area.

4.9.2020 | 12 Tips to Troubleshoot Your Internet Connection - 4

တစ်ချိန်တည်းတွင် ရောဂါကူးစက်ခံရမှာစိုးရိမ်တဲ့အတွက် အပြင်မထွက်ပဲ အိမ်မှတဆင့်အလုပ်လုပ်နေသူ၊ ဂိမ်းဆော့နေသူ၊ Streaming ပြုလုပ်နေသူများနဲ့ သတင်းများကိုရှာဖွေဖတ်ရှုနေသူများနဲ့သာ သင့်မိသားစုအတွင်း ပြည့်နှက်နေပါသလား? အကယ်၍အင်တာနက်လိုင်းနှေးတဲ့ပြဿနာများကို ကြုံတွေ့နေရပြီဆိုရင် ဒီပြဿနာဟာ သင့်ဖက်ကအမှားတစ်ခုခုကြောင့်ဖြစ်နေတာလဲ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့အင်တာနက်ကိုဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီသို့ ဖုန်းခေါ်ဆိုခြင်းမပြုမှီတွင် အောက်ပါ လွယ်ကူတဲ့ router tip များကိုအသုံးပြုပြီး အင်တာနက်ပြန်လည်အသုံးပြုနိုင်စေရန် ဆောင်ရွက်ကြည့်နိုင်ပါတယ်။ 

smart home devices များ၊ အွန်လိုင်း online gaming platform များနှင့် video-streaming services များ အများအပြားပေါ်ထွက်လာနေသည်နှင့်အမျှ ခိုင်မာကောင်းမွန်တဲ့အင်တာနက်လိုင်းဆွဲအားကို ထိန်းသိမ်းထားနိုင်ဖို့မှာ ယခင်ကထက်ပိုမိုအရေးကြီးလာပါတယ်။ အကယ်၍ သင် League of Legends ဆော့နေတုန်းမှာ lag နေတယ်ဆိုရင် (ဒါမှမဟုတ်) သီချင်းတစ်ပုဒ်ကို download လုပ်ဖို့ အကြာကြီးစောင့်နေရတယ်ဆိုရင်တော့ ဒီပြဿနာများဟာ သင့်ဖက်ကအမှားတစ်ခုခုကြောင့်ဖြစ်နေနိုင်ပြီး သင့်အင်တာနက်ဝန်ဆောင်မှုပေးသူကုမ္ပဏီ (ISP) နဲ့သက်ဆိုင်တဲ့ပြဿနာ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။

သင်အသုံးပြုနေတဲ့ ကေဘယ်လ်ကုမ္ပဏီသို့ service call တစ်ခုလုပ်ဖို့မစီစဉ်မှီတွင် သင့်အင်တာနက် လိုင်းဆွဲအား ပြဿနာများကိုအဖြေရှာနိုင်မယ့် ကျွန်ုပ်တို့ရဲ့အကြံပေးချက်များကို လေ့လာဖတ်ရှုကြည့်လိုက်ပါ။ 

 

၄။ သင့်ရဲ့ DNS Server ကို Bypass ပြုလုပ်ပါ။ 

သင့်ရဲ့ website ကို သင့် browser အတွင်းသို့ ရိုက်ထည့်လိုက်တဲ့အခါ သင့်ရဲ့ကွန်ပြူတာက အဆိုပါ website ရဲ့ IP address ကို DNS server ကိုအသုံးပြုပြီး ရှာဖွေတာဖြစ်ပါတယ်။ ရံဖန်ရံခါတွင် ဒီ server များတွင် ပြဿနာများဖြစ်ပွား တတ်ပြီး ထို့ကြောင့်ပဲ website များသို့ သူတို့ရဲ့ friendly domain name (ဥပမာ - Vnet.com.mm) ကိုအသုံးပြုပြီး ဝင် ရောက်ရာတွင် ခက်ခဲမှုများရှိစေတတ်ပါတယ်။ ဒါဟာ အလုပ်လုပ်နေတဲ့ဖုန်းရှိသော်လည်း contact list မရှိတာနဲ့ဆင်တူ ပြီး သင့်အနေနဲ့ လူများကိုဖုန်းခေါ်ဆိုနိုင်သော်လည်း ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ဖုန်းနံပါတ်ကိုမှသိမထားတာမျိုးပါပဲ။ 

သင့်ရဲ့ browser ပေါ်တွင် IP address ကိုရိုက်ထည့်ပြီး သင့် DNS server ကို bypass ပြုလုပ်လိုက်ပါ။ ဥပမာ 216.58.197.78 (ဒါဟာ Google ရဲ့ IP address များထဲမှ တစ်ခုဖြစ်ပါတယ်။) အကယ်၍ page က ကောင်းမွန်စွာ load ပြုလုပ်ပါက သင့်ရဲ့ DNS server ကိုပြောင်းလဲခြင်း (သို့) သင့်ရဲ့ DNS cache ကို ရှင်းလင်းခြင်းတို့ကိုပြုလုပ်ပြီး ထိုပြဿနာကို ဖြေရှင်းလိုက်နိုင်ပါတယ်။

 

(Unicode)




 




NEWS

Find internet providers in your area

Compare the MYANMAR's best internet service providers and plans near you.