12 Tips to Troubleshoot Your Internet Connection - 12

Call +95 9 959740020 now. We'll help you find internet & TV deals in your area.

12.9.2020 | 12 Tips to Troubleshoot Your Internet Connection - 12

တစ်ချိန်တည်းတွင် ရောဂါကူးစက်ခံရမှာစိုးရိမ်တဲ့အတွက် အပြင်မထွက်ပဲ အိမ်မှတဆင့်အလုပ်လုပ်နေသူ၊ ဂိမ်းဆော့နေသူ၊ Streaming ပြုလုပ်နေသူများနဲ့ သတင်းများကိုရှာဖွေဖတ်ရှုနေသူများနဲ့သာ သင့်မိသားစုအတွင်း ပြည့်နှက်နေပါသလား? အကယ်၍အင်တာနက်လိုင်းနှေးတဲ့ပြဿနာများကို ကြုံတွေ့နေရပြီဆိုရင် ဒီပြဿနာဟာ သင့်ဖက်ကအမှားတစ်ခုခုကြောင့်ဖြစ်နေတာလဲ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့အင်တာနက်ကိုဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီသို့ ဖုန်းခေါ်ဆိုခြင်းမပြုမှီတွင် အောက်ပါ လွယ်ကူတဲ့ router tip များကိုအသုံးပြုပြီး အင်တာနက်ပြန်လည်အသုံးပြုနိုင်စေရန် ဆောင်ရွက်ကြည့်နိုင်ပါတယ်။ 

smart home devices များ၊ အွန်လိုင်း online gaming platform များနှင့် video-streaming services များ အများအပြားပေါ်ထွက်လာနေသည်နှင့်အမျှ ခိုင်မာကောင်းမွန်တဲ့အင်တာနက်လိုင်းဆွဲအားကို ထိန်းသိမ်းထားနိုင်ဖို့မှာ ယခင်ကထက်ပိုမိုအရေးကြီးလာပါတယ်။ အကယ်၍ သင် League of Legends ဆော့နေတုန်းမှာ lag နေတယ်ဆိုရင် (ဒါမှမဟုတ်) သီချင်းတစ်ပုဒ်ကို download လုပ်ဖို့ အကြာကြီးစောင့်နေရတယ်ဆိုရင်တော့ ဒီပြဿနာများဟာ သင့်ဖက်ကအမှားတစ်ခုခုကြောင့်ဖြစ်နေနိုင်ပြီး သင့်အင်တာနက်ဝန်ဆောင်မှုပေးသူကုမ္ပဏီ (ISP) နဲ့သက်ဆိုင်တဲ့ပြဿနာ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။

သင်အသုံးပြုနေတဲ့ ကေဘယ်လ်ကုမ္ပဏီသို့ service call တစ်ခုလုပ်ဖို့မစီစဉ်မှီတွင် သင့်အင်တာနက် လိုင်းဆွဲအား ပြဿနာများကိုအဖြေရှာနိုင်မယ့် ကျွန်ုပ်တို့ရဲ့အကြံပေးချက်များကို လေ့လာဖတ်ရှုကြည့်လိုက်ပါ။ 

၁၂။ နောက်ဆုံးနည်းလမ်း - သင့်ရဲ့ ISP ကိုဖုန်းခေါ်လိုက်ပါ။ 

အကယ်၍ အားလုံးကိုသင်လုပ်ကြည့်ပြီးပြီဖြစ်သော်လည်း အင်တာနက်လိုင်းပြဿနာများကို ဆက်လက်တွေ့ကြုံနေရဆဲပဲဆိုရင်တော့ သင့်ရဲ့ service provider ကို ဖုန်းခေါ်ဖို့အချိန်တန်ပါပြီ။ ဒီပြဿနာဟာ သူတို့ဖက်ကဖြစ်နေတာလဲဖြစ်နိုင်ပြီး သင့်အိမ်အတွင်းသို့ဝင်ရောက်တဲ့တိုင်အတွက် connection အသစ်တစ်ခုကိုလိုအပ်နေတာ (သို့) ပိုမိုကောင်းမွန်တဲ့ modem (သို့) amplifier တစ်ခုကိုလိုအပ်နေတာလဲဖြစ်နေနိုင်ပါတယ်။ 

အကယ်၍ သင်ဟာ နေ့တစ်နေ့ရဲ့ အချို့သောအချိန်များတွင် အင်တာနက်လိုင်းနှေးကွေးမှုများကို တွေ့ကြုံနေရပါက (ဥပမာ - ကျောင်းဆင်းပြီးချိန်များတွင်) ဒါဟာ သင့် ISP က တိုးပွားလာတဲ့ အသုံးပြုသူပမာဏကို ကောင်းမွန်စွာကိုင်တွယ်နိုင်ခြင်းမရှိတော့တာဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးဆိုရင်တော့ သင့်အနေနဲ့ အခြား service provider အသစ်တစ်ဦးကိုရှာဖွေ အသုံးပြုသင့်ပြီဖြစ်ပါတယ်။ ထိုအတွက်လည်းမပူပါနဲ့ ကျွန်တော်တို့က ISP များကို စမ်းသပ် စစ်ဆေးခဲ့ပြီးဖြစ်တဲ့အတွက် နိုင်ငံအတွင်းရှိ အမြန်ဆုံး၊ အကောင်းဆုံး ISP များကိုရှာဖွေကြည့်ရှု လိုက်ပါ။ 

NEWS

Find internet providers in your area

Compare the MYANMAR's best internet service providers and plans near you.