12 Tips to Troubleshoot Your Internet Connection - 11

Call +95 9 959740020 now. We'll help you find internet & TV deals in your area.

11.9.2020 | 12 Tips to Troubleshoot Your Internet Connection - 11

တစ်ချိန်တည်းတွင် ရောဂါကူးစက်ခံရမှာစိုးရိမ်တဲ့အတွက် အပြင်မထွက်ပဲ အိမ်မှတဆင့်အလုပ်လုပ်နေသူ၊ ဂိမ်းဆော့နေသူ၊ Streaming ပြုလုပ်နေသူများနဲ့ သတင်းများကိုရှာဖွေဖတ်ရှုနေသူများနဲ့သာ သင့်မိသားစုအတွင်း ပြည့်နှက်နေပါသလား? အကယ်၍အင်တာနက်လိုင်းနှေးတဲ့ပြဿနာများကို ကြုံတွေ့နေရပြီဆိုရင် ဒီပြဿနာဟာ သင့်ဖက်ကအမှားတစ်ခုခုကြောင့်ဖြစ်နေတာလဲ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့အင်တာနက်ကိုဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီသို့ ဖုန်းခေါ်ဆိုခြင်းမပြုမှီတွင် အောက်ပါ လွယ်ကူတဲ့ router tip များကိုအသုံးပြုပြီး အင်တာနက်ပြန်လည်အသုံးပြုနိုင်စေရန် ဆောင်ရွက်ကြည့်နိုင်ပါတယ်။ 

smart home devices များ၊ အွန်လိုင်း online gaming platform များနှင့် video-streaming services များ အများအပြားပေါ်ထွက်လာနေသည်နှင့်အမျှ ခိုင်မာကောင်းမွန်တဲ့အင်တာနက်လိုင်းဆွဲအားကို ထိန်းသိမ်းထားနိုင်ဖို့မှာ ယခင်ကထက်ပိုမိုအရေးကြီးလာပါတယ်။ အကယ်၍ သင် League of Legends ဆော့နေတုန်းမှာ lag နေတယ်ဆိုရင် (ဒါမှမဟုတ်) သီချင်းတစ်ပုဒ်ကို download လုပ်ဖို့ အကြာကြီးစောင့်နေရတယ်ဆိုရင်တော့ ဒီပြဿနာများဟာ သင့်ဖက်ကအမှားတစ်ခုခုကြောင့်ဖြစ်နေနိုင်ပြီး သင့်အင်တာနက်ဝန်ဆောင်မှုပေးသူကုမ္ပဏီ (ISP) နဲ့သက်ဆိုင်တဲ့ပြဿနာ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။

သင်အသုံးပြုနေတဲ့ ကေဘယ်လ်ကုမ္ပဏီသို့ service call တစ်ခုလုပ်ဖို့မစီစဉ်မှီတွင် သင့်အင်တာနက် လိုင်းဆွဲအား ပြဿနာများကိုအဖြေရှာနိုင်မယ့် ကျွန်ုပ်တို့ရဲ့အကြံပေးချက်များကို လေ့လာဖတ်ရှုကြည့်လိုက်ပါ။ 

၁၁။ အရင်းအမြစ်ကိုစစ်ဆေးပါ။ 

အကယ်၍ သင့် modem နဲ့ router ကို ပြဿနာရှိနေသလားဆိုတာအားစစ်ဆေးပြီးတဲ့အခါတွင် တောင်မှ (troubleshoot ပြုလုပ်ပြီးရင်တောင်မှ) ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးပါက ဒီပြဿနာဟာ အခြားတစ်ခုခုဖြစ်နေနိုင်ပါသေးတယ်။ သင့်အိမ်အတွင်းသို့ဝင်ရောက်လာတဲ့ကြိုးများ ရဲ့ connection ကိုစစ်ဆေးပါ။ ထိုကြိုးများဟာ အများအားဖြင့်သင့်အိမ်ရဲ့ဘေးဘက်တွင်ရှိနေတတ် ပြီး တစ်ခုခုနဲ့ဖုံးအုပ်ထားတာသော်၎င်း၊ ဖုံးအုပ်ထားခြင်းမရှိတာသော်၎င်း ဖြစ်နေနိုင်ပါတယ်။ ဒီ အဓိက cable ကြိုးကို အကောင်တစ်ကောင်ကောင်က ကိုက်ဖြတ်ထားတာမျိုး၊ ဒါမှမဟုတ် မုန်တိုင်း တိုက်ခတ်သွားခြင်းကြောင့် လျော့ရဲနေတာမျိုးဖြစ်နေသလားဆိုတာကို သေချာစွာစစ်ဆေးကြည့် လိုက်ပါ။ 

သင် cable splitter ကိုတွေ့မြင်ပါက ချိတ်ဆက်မှုတိုင်း (အဆက်နေရာတိုင်း) ဟာ သေချာစွာတပ်ဆင်ထားပြီး connector များကိုမှန်ကန်စွာတပ်ဆင်ထားခြင်းရှိ၊ မရှိကိုလဲ စစ်ဆေးရမှာဖြစ်ပါတယ်။ အကယ်၍ ထို splitter ဟာ သံသယဖြစ်စရာကောင်းနေရင် (ဥပမာ - သံချေးတက်နေတာ/ ညစ်ပတ်နေတာ) မျိုးဖြစ်နေပါက ထိုအရာကိုလဲလှယ်ပေးရမှာဖြစ်ပါတယ်။ ဒါမှမဟုတ် သင့်အနေနဲ့ signal ကို ခွဲထုတ်ဖို့မလိုအပ်ဘူးဆိုပါက ထိုအရာကိုဖယ်ထုတ်ပစ်လိုက်နိုင်ပါတယ်။ ဈေးပေါတဲ့ splitter များဟာ လိုင်းဆွဲအားကို လျော့နည်းစေနိုင်ပါတယ်။  

NEWS

Find internet providers in your area

Compare the MYANMAR's best internet service providers and plans near you.